ဗမာကျောင်းသားသမဂ္ဂမှ နွေဦးတော်လှန်ရေး (၄)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဖိုင်းယားဆိုက် ဒိုင်းနင်းမှာ ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံရေးဇာတ်လမ်းတို ပြဇာတ်၊ တော်လှန်သီချင်းသီဆိုမှုများ ပါဝင်ခဲ့ပြီိး ဗမာအစားအစာများကိုလည်း တည်ခင်းဧည့်ခံခဲ့ကြပါသည်။ ဒါ့အပြင် ဗမာ့နွေဦးတော်လှန်ရေးကို ထင်ဟပ်စေတဲ့ ရုပ်ပုံပြခန်းတစ်ခုကိုလည်း ခင်းကျင်းပြသခဲ့ကြပါသည်။
အပြည်ပြည်ဆိုင်ရာသွေးစည်းညီညွတ်ရေး အဖွဲ့အစည်းများဖြစ်ကြတဲ့ ပါလက်စတိုင်း ငြိမ်းခြမ်းရေးလိုလာသောကျောင်းသားများ၊ ဖိလစ်ပိုင် ကျောင်းသားသမဂ္ဂ နှင့် ဒေလီမြို့ အာနက်ဘာရန်အဖွဲ့တို့မှလည်း ပါဝင်ပြီး ဝန်းရံပေးခဲ့ကြပါသည်။
ဗမာကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌဖြစ်သူ မာတင် ကတော့ ဗမာနိုင်ငံစစ်အာဏာသိမ်းမှုအကြောင်းကို အခုလို ရှင်းပြထားပါတယ်။
“ကိုလိုနီစနစ်အပြီး ကျွန်တော်တို့ လွတ်လပ်ရေးရခဲ့တဲ့ အချိန်ကစပြီး မြန်မာစစ်တပ်ဟာ အာဏာတည်မြဲလာခဲ့တယ်။ … အဲ့ဒီနောက်မှာ စစ်အာဏာသိမ်းမှုဖြစ်တယ်။ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်အားလုံးကို ဖမ်းဆီးပြီး တိုင်းပြည်ရဲ့ အာဏာကို လုယူသိမ်းပိုက်ခဲ့တယ်။ သူတို့မိသားစုကောင်းစားရေး၊ သူတို့ရဲ့စစ်တပ်အသိုင်းအဝိုင်း၊ ခရိုနီကြီးတွေနဲ့ အရင်းရှင်တွေရဲ့အကျိုးစီးပွားတွေ၊ အကျိုးအမြတ်တွေ ရဖို့အတွက် ဘာမဆိုလုပ်ခဲ့ကြတယ်။”
ဆက်လက်ပြီး သူ့အနေဖြင့် အဖွဲ့အစည်းတစ်ခုအနေနဲ့ ပွဲအခမ်းအနားရဲ့ လိုအပ်ချက်များကို စဉ်းစားဖို့ လိုအပ်ခဲ့ကြောင်း ဒါ့အပြင် သူတို့ရဲ့အဖွဲ့အစည်းဟာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အလျှောက် အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ပညာပေးရေးအစီအစဉ်များကိုလည်း ဖြစ်မြောက်အောင် အကောင်းဆုံးကြိုးစားနေကြောင်း ပြောကြားခဲ့ပါသည်။
ဗမာကျောင်းသားသမဂ္ဂရဲ့ အဖွဲ့အဝင်တစ်ဦးဖြစ်တဲ့ မီမီလှိုင်ဦးမှလည်း ဒီလိုပွဲအခမ်းအနားမျိုးတွေဟာ ဗမာအဖွဲ့အစည်းအတွက်ပဲ အရေးပါတာမဟုတ်ဘဲ တခြားလူမှုပတ်ဝန်းကျင်ပြသနာများကို ကြုံတွေ့နေရတဲ့ စကိုင်းလိုင်းကော်လိပ်မှ အခြားအဖွဲ့အစည်းများအတွက်လည်း အရေးပါကြောင်း ပြောကြားသွားခဲ့ပါသည်-
“ဒီပွဲမှာ ကျွန်မတို့အနေနဲ့ ပြင်ဆင်တဲ့အချိန်တွေအပြင် ပွဲရဲ့နှစ်နာရီစာလောက်ကိုပါစိတ်နှစ်ပြီးလုပ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့လေးနှစ်တာကာလကအဖြစ်အပျက်တွေအပြင် ရှေးယခင်ကာလတွေတည်းက ဘာတွေဖြစ်ပျက်ခဲ့လည်းဆိုတာ ပြန်အမှတ်ရစေဖို့ စိတ်နှစ်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။”
ဒါ့အပြင် သူ့အနေနဲ့ စစ်အာဏာသိမ်းမှုကို ထင်ဟပ်စေမယ့် ပြဇာတ်တွေ၊ ကဗျာတွေ၊ သီချင်းတွေကို ဘယ်လိုစီစဉ်ခဲ့ရလည်းဆိုတာကိုပါ ရှင်းပြခဲ့ပါသည်။
ဆက်လက်ပြီးတော့ သူက စကိုင်းလိုင်းကောလိပ်မှာ တက်ရောက်နေတဲ့ ဗမာကျောင်းသားအရေအတွက်ကို အတိအကျမသိပေမယ့် စစ်အာဏာသိမ်းပြီးနောက် တက်ရောက်တဲ့လူဦးရေ များပြားလာခဲ့တာကိုမြင်တွေ့ခဲ့ရပြီးဖြစ်တဲ့အတွက် ဒီလိုပွဲမျိုးက ဒီအချိန်မှာ ရှိဖို့ပိုလိုအပ်ပါတယ်။
“တစ်ခါတစ်လေ ကျွန်မတို့ ရုန်းကန်နေရချိန်မှာ ဒီကိုဘာလို့ရောက်လာကြရတာလည်းဆိုတာကို မေ့သွားကြတတ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီလို နိုင်ငံရေးအခြေနေတွေဟာ ကျွန်မတို့ကို ဒီကိုရောက်လာဖို့ တွန်းပို့ခဲ့တယ်ဆိုတာ ပြန်လည်အသိပေးဖို့လိုအပ်ပါတယ်။ ကျွန်မတို့အနေနဲ့ မိမိဆန္ဒအလျောက်လာခဲ့ကြတယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ စကိုင်းလိုင်းမှာရှိတဲ့သူတွေအကုန်လုံးဟာ ကျွန်မတို့ရဲ့ ဒုက္ခတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေကို နားလည်သင့်တယ်လို့ထင်ပါတယ်။ သူတို့အနေနဲ့ ကျွန်မတို့ရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ ကျွန်မတို့ကို ခွဲမြင်လို့မရပါဘူး။”
ဗမာကျောင်းသားသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်သူ ပြည့်ဖြိုးလင်းမှ
“ကျွန်တော်တို့ရဲ့ အခက်အခဲတွေအပေါ် စိုးရမ်းမှုတွေကို ပြောပြချင်တယ် ဒါမှမဟုတ် ကျွန်တော်တို့ တိုင်းပြည်ကို စစ်တပ်က ဖိနှိပ်နေတယ်ဆိုတာတွေကို ကျွန်တော်တို့ ပြောပြချင်ပါတယ်။”
မာတင်မှ ဗမာပြည်သူတွေအနေဖြင့် သူတို့ရဲ့ဘဝတွေကိုပေးဆပ်ပြီး စစ်အာဏာရှင်ကို ခုခံစစ်ပြန်လည်ဆင်နွှဲနေတဲ့အကြောင်းကိုလည်း ဆက်လက်ရှင်းပြခဲ့ပါသည်။
ဒါ့အပြင် လူငယ်လူရွယ်များမှလည်း သူတို့ရဲ့အနာဂါတ်ကို စွန့်လွှတ်ပြီး တော်လှန်ရေးမှာ ပါဝင်လာခဲ့ကြပါသည်။
ဆက်လက်ပြီး မြန်မာစစ်တပ်မှ အသက် (၁၈) နှစ် မှ အသက် (၃၅) နှစ် အတွင်းရှိ ပြည်သူများကို စစ်မှုမထမ်းမနေရ ဥပဒေဖြင့် မတရားဖမ်းဆီးချုပ်နှောင်ပြီး စစ်မြေပြင်သို့ ပို့နေတဲ့အကြောင်းအရာကိုလည်း ပြောကြားခဲ့ပါသည်။
ရှုံးနိမ့်မှူတွေအထပ်ထပ်ရလာပြီးနောက်ပိုင်းမှာ စစ်အစိုးအရဟာ ၁၀၊ ဖေဖော်ဝါရီ၊ ၂၀၂၄ ခုနှစ်တွင် စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော်လိုက်ကြောင်း အေပီသတင်းဌာနက ပြောကြားခဲ့ပါသည်။
“ဒီနှစ်အစမှာဆိုရင် အခြေနေတွေက ပိုပြီးဆိုးလာပါပြီိ။ … သူတို့က စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ လူငယ်တွေကို နိုင်ငံထဲက ထွက်ဖို့ ပိတ်ပင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။” လို့ မာတင်ကပြောပါတယ်။
နွေဦးတော်လှန်ရေးအဖြစ်အပျက်တွေကိုထောက်ရှုပြီး သမိုင်းကိုပြန်အမှတ်ရကြဖို့၊ ပြည်တွင်းမှာရော၊ အမေရီကားမှာရောဖြစ်နေတဲ့ အဖြစ်အပျက်တွေကို မျက်ခြေမပျက်ကြဖို့ ပြည့်ဖြိုးလင်းကသတိပေးပါသည်။
စကိုင်းလိုင်းကျောင်းသားများကို စည်းလုံးကြဖို့နဲ့ ဖိနှိပ်သူတွေကို ရင်ဆိုင်ကြဖို့ မာတင်ကတိုက်တွန်းခဲ့ပါသည်။
“ပြည်သူအားလုံး စည်းလုံးညီညွတ်ဖို့ လိုအပ်နေပါပြီ” လို့မာတင်က ပြောခဲ့ပါသည်။